နီဆန်းသည် ဟွန်ဒါနှင့် ပေါင်းစည်းမည့် အစီအစဉ် ပြီးခဲ့သည့်အပတ်က ပွဲပျက်သွားခဲ့ပြီးသည့်နောက်တွင် ဝန်ကြီးချုပ်ဟောင်းတစ်ဦး ပါဝင်သော ဂျပန်အဆင့်မြင့်အဖွဲ့တစ်ဖွဲ့သည် နီဆန်းတွင် တက်စလာ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များကို ရေးဆွဲခဲ့ကြောင်း Financial Times က သောကြာနေ့ (ဖေဖော်ဝါရီ ၂၁)တွင် သတင်းဖော်ပြခဲ့သည်။ တက်စလာသည် အမေရိကန်ပြည်ထောင်စုတွင် နီဆန်း၏ စက်ရုံများကို ဝယ်ယူရန် စိတ်အားထက်သန်သည်ဟု ယုံကြည်သောကြောင့် ၎င်းတို့က တက်စလာသည် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ ၎င်းသတင်းကြောင့် နီဆန်း၏ ရှယ်ယာများ ၁၁% ဈေးခုန်တက်သွားသည်။



