back

အိန္ဒိယသည် မလေးရှားမှ စားအုန်းဆီကြမ်း အမှာစာများကို ဖျက်သိမ်းခဲ့

Feb 21 • 1:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယသည် မလေးရှားမှ စားအုန်းဆီကြမ်း အမှာစာများကို ဖျက်သိမ်းခဲ့

အိန္ဒိယ ဆီသန့်စက်ရုံ လုပ်ငန်းရှင်များသည် မလေးရှား စားအုန်းဆီကြမ်း crude palm oil (CPO) ဈေးနှုန်း မြင့်တက်ခြင်းနှင့် အိန္ဒိယတွင် ပြန်ရောင်းသည့်အခါ အရှုံးပြနေခြင်...

အိန္ဒိယ ဆီသန့်စက်ရုံ လုပ်ငန်းရှင်များသည် မလေးရှား စားအုန်းဆီကြမ်း crude palm oil (CPO) ဈေးနှုန်း မြင့်တက်ခြင်းနှင့် အိန္ဒိယတွင် ပြန်ရောင်းသည့်အခါ အရှုံးပြနေခြင်းတို့ကြောင့် မတ်လနှင့် ဇွန်လအတွင်း မလေးရှားမှ တင်ပို့ရန် စီစဉ်ထားသော စားအုန်းဆီကြမ်း တန်ချိန် ၇၀,၀၀၀ အတွက် အမှာစာများကို ဖျက်သိမ်းခဲ့သည်။ စားအုန်းဆီကြမ်း ကမ္ဘာ့အများဆုံး တင်သွင်းသည့် အိန္ဒိယမှ ဆီသန့်စက်ရုံလုပ်ငန်းရှင်များသည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၀)တွင် တန်ချိန် ၄၀၀၀၀ အပါအဝင် လွန်ခဲ့သည့် သုံးရက်အတွင်း အမှာစာများ ပမာဏကြီးကြီးမားမား ဖျက်သိမ်းခဲ့ကြသည်။ မလေးရှား စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးနှုန်းများသည် လေးပတ်ကျော်အတွင်း ၁၁% မြင့်တက်ခဲ့သည်။


news-view-count-icon

18