ရာသီကုန်အထိ ချဲလ်ဆီးအသင်းမှာ နည်းပြမာရက်စကာ ဆက်ရှိဖို့ ရာနှုန်းပြည့်သေချာတယ်လို့ ချဲလ်ဆီးအသင်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂိုးစတိန်းက အတည်ပြုသွားခဲ့ပါတယ်။ လက်တလော အသင်းရဲ့ ရလဒ်တွေ ဆိုးရွား နေတဲ့အတွက် နည်းပြမာရက်စကာရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပြီး အထုတ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ၂၀၂၂ မှာ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းဟာ နည်းပြနှစ်ယောက်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြ မာရက်စကာဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကမှ ၅ နှစ်စာ ချုပ်နဲ့ ချဲလ်ဆီးအသင်းကို ရောက်လာခဲ့ တာဖြစ်ပြီး နောက်ထပ် ၁ နှစ် အလိုအလျောက်သက်တမ်းတိုးဖို့ကိုပါ သဘောတူထားတာဖြစ်ပါတယ်။



