အေစီမီလန်နည်းပြ ကွန်ဆီကာအိုနဲ့ စကားများခဲ့တယ်ဆိုတဲ့ သတင်းတွေကို တောင်ပံတိုက်စစ်မှူး ပူလီဆစ်က ငြင်းဆိုသွားခဲ့ပါတယ်။ ပူလီဆစ်ကတော့ မီလန်က အသင်းကြီးတစ်သင်းဖြစ်သလို မီလန် အသင်းအင်္ကျီကို ဝတ်ဆင်ခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး အပြင်မှာကြားနေရတဲ့ သတင်းတွေက အလိမ်အညာတွေ ဖြစ်ပါတယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ ပူလီဆစ်ဟာ ၂၀၂၃ မှာ အေစီမီလန်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့တောင်ပံတိုက်စစ်မှာ အားကိုးရ တဲ့ ကစားသမားဖြစ်ခဲ့သလို အခုရာသီ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။



