U-19 Futsal Cup Mandalay 2025 ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၆)သင်းဖြင့် လာမည့် မတ်လ (၂၉) ရက်တွင် စတင်ကျင်းပပြလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း သဲသောင်ပြင်နှင့် ဖူဆယ်ဆပ်ကော်မတီထံမှ သိရသည်။အစည်းအဝေး ရလဒ်အရ အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင် ကြေးအဖြစ် ကျပ်တစ်သိန်းငါးသောင်းအပြင် အာမခံကြေးအဖြစ် ကျပ် တစ်သိန်းပေးသွင်းရမည်ဖြစ်ကာ ၊ ပြိုင်ပွဲဝင် အသင်းတစ်သင်းတွင် ဂိုးသမား (၂) ဦးအပါအဝင် ကစားသမား အများဆုံး (၁၆) ဦး၊ အနည်းဆုံး (၁၀)ဦး ၊ နည်းပြအုပ်ချုပ်အဖွဲ့ဝင် အများဆုံး (၅) ဦး အနည်းဆုံး (၂) ဦး ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲဆုကြေးအဖြစ် ပထမဆု ကျပ်(၇) သိန်း၊ ဒုတိယဆု ကျပ်(၅)သိန်း၊ တတိယဆု ကျပ်(၃)သိန်း၊ အကောင်းဆုံးကစားသမားဆု ကျပ်(၁)သိန်းနှင့် အကောင်းဆုံးဂိုးသမားဆု ကျပ်(၁)သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။



