မွန်ပြည်နယ်အတွင်း ဒီဇယ်ဆီ ဝယ်ယူရခက်ခဲနေသောကြောင့် နေလှန်းဆားလုပ်ငန်းလုပ်ကိုင်နေသည့် ဆားဖိုများ အခက်ကြုံနေကြောင်း ဆားတောင်သူများထံမှ သိရသည်။သံဖြူဇရပ်မြို့နယ်အတွင်းရှိ နေလှမ်းဆားထုတ်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုရန် ဒီဇယ်ဆီများဝယ်ယူ၍ မရဖြစ်နေကြောင်း ဆားတောင်သူတစ်ဦးက ပြောသည်။မွန်ပြည်နယ်အတွင်း မြို့နယ်များတွင် ဒီဇယ်ဆီ ဝယ်မရသောကြောင့် လုပ်ငန်းရှင်များသာမက ကုန်တင်ယာဉ်များလည်း ဆီထည့်ရန်အခက်ကြုံနေကြောင်း သိရသည်။



