ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ တရုတ်လူမျိုးတွေ ဦးစီးတဲ့ အွန်လိုင်းဂိမ်းစင်တာတစ်ခုကို ရဲတပ်ဖွဲ့က စီးနင်း ဖြိုခွင်းခဲ့ရာမှာ လူ(၄၅၀)ကျော် ဖမ်းမိထားပါတယ်။ အဲဒီ အွန်လိုင်းဂိမ်းစင်တာဟာ ကမ်းလွန်ပင်လယ်ပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဖမ်းဆီးမှုအတွင်း တရုတ်သူဌေး (၅)ယောက်လည်း ပါဝင်တယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ အကြီးအကဲက သောကြာနေ့က ပြောပါတယ်။ အဲဒီသူဌေး (၅)ယောက်ဟာ လူကုန်ကူးမှုစွဲချက်တွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ တွေထဲမှာ တရုတ်နိုင်ငံသား (၁၃၇)ယောက် ပါဝင်ခဲ့တယ်။ ဖိလစ်ပိုင်မှာ အွန်လိုင်း ဂိမ်လိမ်လည်မှု လုပ်ငန်းအသေးစားတွေကို လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား (၂၁၀၀၀)လောက် ရှိနေတယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါသည်။



