မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် နည်းပြဂွာဒီယိုလာက သူအသင်းမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ဂွာဒီယိုလာက “ကျနော် မန်စီးတီးမှာ ဆက်ပြီးရှိနေမယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ဟာ ရာသီရဲ့ အကောင်းဆုံး အခိုက်အတန့်မှာ အလွန်အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့ဆုံခဲ့ပြီး ပြိုင်ဘက်က သာလွန် ကောင်းမွန် နေတဲ့အတွက် သူတို့ကို ချီးကျူးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် ဒါမှမဟုတ် ၁၂ နှစ် တုန်းကဆိုရင် ကျနော်တို့ဟာ ပုံထဲမှာတောင် မရှိပါဘူး”လို့ ပြောခဲ့တာပါ။



