ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ရဲ့ ဝေဖန်မှုကိုခံခဲ့ရတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က သူဟာ လီဗာပူးလ်အသင်း မှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်က “လွန်ခဲ့တဲ့ ၃ ပတ်က ကျနော်ဟာ အကောင်းဆုံး မဟုတ်ခဲ့သလို အခုလည်း အဆိုးဆုံးတော့ မဟုတ်ပါဘူး။ ကျနော်ဟာ လဲကျရင်ပြန်ပြီးထပါတယ်။ ကျနော်ဟာ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျနော်ဟာ လီဗာပူးလ်အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမှာပါ”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့တာပါ။



