အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် ယူကရိန်းနှင့် ရုရှားအပေါ် ထားရှိသည့် မူဝါဒ အပြောင်းအလဲကြောင့် ပိုလန်နှင့် လတ်ဗီးယားတို့ အပါအဝင် နေတိုးအဖွဲ့၏ အရှေ့ပိုင်းစစ်တောင်ပံတွင် ရှိနေသည့် ဥရောပနိုင်ငံများကို လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ မကြာသေးမီ ရက်ပိုင်းများအတွင်း ယူကရိန်း၊ ရုရှားနှင့် ဥရောပတိုက်အပေါ် ထားရှိသည့် ထရမ့်၏ မူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်သည် ဥရောပတိုက် လုံခြုံရေးအတွက် အာမခံပေးထားသော နိုင်ငံအဖြစ် ရပ်တည်နေသည့် ရပ်တည်ချက်သည် အဆုံးသတ်သွားခဲ့သည်။



