နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ပါစကယ်လ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ပြီး ဒတ်ချ်ကလပ် ဖီယင်နုအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ ပါစကယ်လ်ဟာ ဖီယင်နုအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဘရီယန်ပရီစကီရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။



