နျူကလီးယားစစ်ပွဲဖြစ်ပွားပါက အသက်ရှင်သန်နိုင်စွမ်းကို မြင့်တက်စေရန် မျှော်လင့်ချက်ဖြစ်စေသော ကုထုံး တစ်ခုကို တရုတ်သိပ္ပံပညာရှင်များက တီထွင်ခဲ့သည်။ တရုတ်သိပ္ပံပညာရှင်များက ဆိုးရွားသည့် ရေဒီယိုဓာတ်သတ္တိကြွမှုနှင့် ထိတွေ့ထားသော ကြွက်များ၏ အသက် ရှင်သန်နိုင်စွမ်းကို မြင့်တက်စေနိုင်သည့် ကုထုံးတစ်ခုကို တီထွင်ခဲ့သည်။ ထိုကုထုံးသည် ကင်ဆာရောဂါကို ဘေးကင်းစွာ ကုသနိုင်ရန် သို့မဟုတ် နျူကလီးယားစစ်ပွဲ ဖြစ်ပွားပါက အသက် ရှင်သန်နိုင်စွမ်းကို မြင့်တက်စေရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။ လေ့လာချက်အရ ကင်ဆာဆဲများ သို့မဟုတ် ဗိုင်းရပ်စ်များကို ခံနိုင်ရည်ရှိသည့် ကိုယ်ခံအား စနစ်အတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည့် ပရိုတိန်းများသည် ရေဒီယိုသတ္တိကြွမှုကြောင့် ဖြစ်ပွားသော ထိခိုက်မှုကို ကာကွယ်နိုင်သည်။



