ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဘက်မှာ လာမယ့် ၂၃ ရက်ကနေ ၂၅ အတွင်း မိုးအနည်းငယ်ပိုနိုင်တယ်လို့ မိုးလေဝသလေ့လာသုံးသပ်သူဦးဝင်းနိုင်ကလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားထားပြီးအဲဒိရက်မှာ တာချီလိတ်ရဲ့ မိုးရွာနှုန်းဟာ ၂၄ နာရီအတွင်း ၁၅ မီလီမီတာ(၀ ဒသမ ၆ လက်မ ခန့်)ရှိနိုင်လို့ခန့်မှန်းထားကြောင်း သိရပါသည်။တနင်္သာရီတိုင်းမှာတော့ ဖေဖော်ဝါရီ ၂၁ ကစ ပြီး မိုးရွာနိုင်တဲ့ အခြေအနေတွေရှိတယ်လို့သိရပါပြီးအဲဒိပြည်နယ်တိုင်းဒေသတွေထဲမှာ နေ့အပူချိန်တွေ ၃၅°C အထက်ကို တက်လာပြီး အပူချိန်လဲမြင့်လာတာကြောင့် မိုးတိမ်တွေဖြစ်လာတဲ့အခါ လေပြင်းတိုက်နိုင်ချေတွေလည်း ရှိလာနိုင်တယ်လို့သိရှိရပါသည်။



