ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေ သည် ယခင်ကထက် ပိုမိုလည်ပတ်သူများပြားလာကြောင်း ဒေသခံများကပြောကြားသည်။ နယ်မြေမတည်ငြိမ်မှုကြောင့် အပန်းဖြေရာများဖြစ်သော ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ငပလီကမ်းခြေများတွင် လည်ပတ်သူများနည်းပါးခဲ့ပြီး ယခုအချိန်တွင် ဆယ်အိမ်တန်းကမ်းခြေကို လည်ပတ်သူများလည်း ပိုမိုများလာသည်ဟု သိရသည်။ကမ်းခြေ၏ သဲသောင်ပြင်နှင့် ပင်လယ်မြင်ကွင်းများက ဆွဲဆောင်မှုရှိပြီး ရန်ကုန်၊ ဒလ၊ တွံတေး၊ ကော့မှုးနှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ ပြည်သူများသည် လတ်တလော ပိုမိုလာရောက်လည်ပတ်နေကြကြောင်း သိရသည်။



