back

ရှမ်းအရှေ့တွင် စက်သုံးဆီဈေး တရိပ်ရိပ်တက်လာ

Feb 21 • 8:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းအရှေ့တွင် စက်သုံးဆီဈေး တရိပ်ရိပ်တက်လာ

ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီတင်ပို့မှု ပိတ်ပင်ပြီးနှစ်ပတ်ကျော်အကြာတွင် ရှမ်းပြည်အရှေ့ပိုင်းရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်များတွင် စက်သုံ...

ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီတင်ပို့မှု ပိတ်ပင်ပြီးနှစ်ပတ်ကျော်အကြာတွင် ရှမ်းပြည်အရှေ့ပိုင်းရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်များတွင် စက်သုံးဆီဈေးနှုန်းများတရိပ်ရိပ်တက်လာကြောင်း ဒေသခံများကပြောကြားသည်။ယနေ့ တာချီလိတ်မြို့တွင် အောက်တိန်းဓာတ်ဆီတစ်လီတာ ၃၆ ဘတ်၊ 95 အောက်တိန်းဓာတ်ဆီ ၃၇ ဘတ်၊ HSD ဒီဇယ် ၃၃.၅ ဘတ်၊ ပရီမီယံဒီဇယ် ၃၇.၅ ဘတ်ဖြင့် ရောင်းချနေပြီး၊ ယခင်တွင် ထိုင်းဘက်မှ တင်သွင်းသည့် အချိန်တွင် တစ်လီတာ ၃၀ ဘတ်သာရှိခဲ့ကြောင်း သိရသည်။မိုင်းဆတ်၊ မိုင်းတုံမြို့များတွင် ဆီဈေးအနည်းငယ်မြင့်ပြီး ၂၀ ရက်အတွင်း ဈေးတက်လာခြင်းဖြစ်ကြောင်း၊ တာချီလိတ်ကို ရန်ကုန်ဆိပ်ကမ်းဘက်မှဆီတင်ပို့ရန် ကြိုးစားနေကြောင်း ပြောကြသည်။လက်ရှိတွင် ရန်ကုန်တွင် 92 အောက်တိန်းဓာတ်ဆီ ၃၁၂၅ ကျပ်၊ 95 အောက်တိန်းဓာတ်ဆီ ၃၂၇၅ ကျပ်၊ HSD ဒီဇယ် ၂၇၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၃၄၇၅ ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။


news-view-count-icon

29