ရန်ကုန်မြို့ကနေ တာချီလိတ်မြို့သို့ စက်သုံးဆီများကို သယ်ယူရာင်းချရန် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က သိရသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီ တင်ပို့မှု ရပ်ဆိုင်းမှုကြောင့် Max Mega Power Myanmar နှင့် Golden Gate Energy တို့က ပူးပေါင်း၍ ရန်ကုန်ဆိပ်ကမ်းမှ တာချီလိတ်သို့ ဆီသယ်ယူမည်ဖြစ်သည်။ 92 Ron စက်သုံးဆီသည် ၃၆ ဘတ်၊ 95 Ron ၃၇ ဘတ်၊ HSD ရိုးရိုးဒီဇယ် ၃၃.၅ ဘတ်နှင့် ပရီမီယံဒီဇယ် ၃၇.၅ ဘတ်နှင့် ရောင်းချရမည်ဟု သဘောတူခဲ့ကြသည်။ ၎င်းဆီများသည် ၂၃ ဆိုင်တွင် ခွဲဝေမည်ဖြစ်သည်။



