back

တာချီလိတ်တွင် စက်သုံးဆီ ပြတ်လပ်မှုမဖြစ်စေရန် ရန်ကုန်မှ ဝယ်ယူဖို့ စီစဉ်

Feb 21 • 4:07 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် စက်သုံးဆီ ပြတ်လပ်မှုမဖြစ်စေရန် ရန်ကုန်မှ ဝယ်ယူဖို့ စီစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ စက်သုံးဆီ ပြတ်လပ်မှု မဖြစ်စေရန်နှင့် ဈေးနှုန်း သက်သာစေရန် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တင်သွင်းရန် စီစဉ်နေကြောင်း သိရသ...

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ စက်သုံးဆီ ပြတ်လပ်မှု မဖြစ်စေရန်နှင့် ဈေးနှုန်း သက်သာစေရန် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ၊ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံမှ ဆီတင်ပို့မှု ရပ်ဆိုင်းသော်လည်း Max Mega Power Myanmar Co., Ltd နှင့် Golden Gate Energy Co., Ltd တို့ ပူးပေါင်း၍ တာချီလိတ်သို့ ဆီသယ်ယူဖြန့်ဖြူးရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ညှိနှိုင်းချက်အရ 92 အောက်တိန်း ဓာတ်ဆီကို ၃၆ ဘတ်၊ 95 အောက်တိန်း ဓာတ်ဆီကို ၃၇ ဘတ်၊ HSD ဒီဇယ်ကို ၃၃.၅ ဘတ်၊ ပရီမီယမ် ဒီဇယ်ကို ၃၇.၅ ဘတ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဆီသယ်ယာဉ်များ ဆက်လက်ရောက်ရှိသည့်အခါ ဈေးနှုန်း ထပ်မံလျှော့ချနိုင်ရန် ဆွေးနွေးထားကြောင်း သိရှိရသည်။


news-view-count-icon

21