စျေးကွက်အလားအလာကျဆင်းခြင်းနှင့် ကုန်ကြမ်းရှားပါးမှုများကြားမှ မြန်မာ့ရိုးရာစက္ကူအရုပ်ချိုးလုပ်ငန်းများသည် မိရိုးဖလာလက်မှုပညာအမွေအနှစ်ကို ထိန်းသိမ်းရန် ဆက်လက်လုပ်ကိုင်နေကြသည်။ ယခင်က ပွဲတန်းများနှင့် ဘုရားပွဲများတွင် သွားရောက်ရောင်းချလေ့ရှိသော်လည်း ယခုချိန်တွင် ဝယ်လိုအားနည်းပါးလာပြီး တခြားအလုပ်များနှင့် တွဲလုပ်ရသည့်အနေအထားသို့ ရောက်ရှိလာသည်။ လုပ်ငန်းရှင်များက “မိဘများက နှစ်ပေါင်း ၁၀၀ ကျော် လုပ်လာခဲ့သည့်ပညာရပ်ဖြစ်သည့်အတွက် မပျောက်ပျက်စေလိုကြောင်း” ပြောကြပြီး ဆင်ရုပ်၊ မြင်းရုပ်၊ ဖိုးဝရုပ်စသည်တို့ကို ကတ္တူစက္ကူ၊ ဘိလပ်မြေအိတ်ခွံစက္ကူတို့ဖြင့် ဆက်လက်ပြုလုပ်နေကြသည်။ လက်ရှိတွင် စက္ကူအရုပ်ချိုးလုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ အနည်းငယ်သော ကျေးရွာများတွင်သာ ရှိနေပြီဖြစ်သည်။



