၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ပြည်တွင်းရပ်ကွက်ဈေးများတွင် ပုစွန်ဈေးများ ပိုမိုတက်လာပြီး ကျားပုစွန်၊ ပုစွန်ဖြူ၊ ပုစွန်တုပ်များ တစ်ဆယ်သား ၆၀၀၀ ကျပ်အထိ ရှိလာသည်။ ဒါပေမဲ့ အခြားငါးများ ဈေးကတော့ ပုံမှန်အတိုင်းရှိနေပြီး ငါးသလောက်၊ ငါးကြင်း၊ ငါးတန်တို့သည် ယခင်ဈေးနှုန်းများသာရှိနေသည်။ ပင်လယ်ငါးများမှ ငါးခွေးလျှာ၊ ငါးပါးနီ စသည့် ဈေးကွက်တွင်လည်း ဈေးတက်မှုသိသာသော်လည်း ပိုမိုတက်လာခြင်း မရှိကြောင်း သိရသည်။



