တရုတ်ကားဈေးကွက်တွင် ၂၀၂၅ ဇန်နဝါရီလတွင် Volkswagen ၏ အရောင်းရဆုံး အီးဗီ မော်ဒယ်မှာ SAIC-VW ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည့် ID.3 hatchback ဖြစ်ပြီး ၂၆၂၃ စီး ရောင်းချခဲ့သည်။ ဒုတိယအရောင်းရဆုံး အီးဗီမော်ဒယ် ID.4 X ကိုလည်း ၎င်းဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်ပြီး ၁၀၂၀ စီး ရောင်းချခဲ့သည်။ တတိယအရောင်းရဆုံး အီးဗီမော်ဒယ်မှာ FAW-VW ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည့် ID.4 Crozz ဖြစ်ပြီး ၈၈၉ စီး ရောင်းချခဲ့သည်။ Volkswagen သည် ၂၀၂၅ ဇန်နဝါရီလတွင် တရုတ်ကားဈေးကွက်မှာ အီးဗီ ၄၅၅၂ စီး ရောင်းချခဲ့သည်။ ရောင်းအားအနည်းဆုံး အီးဗီမော်ဒယ်မှာ SAIC-VW ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည့် ID.6 ဖြစ်ပြီး ၂ စီးသာ ရောင်းချခဲ့ရသည်။ ID.6 သည် တရုတ်ဈေးကွက်အတွက်သာ ထုတ်လုပ်သည့် အီးဗီ ဖြစ်ပြီး စတင်ရောင်းချစဉ်ကစ၍ ယခုအထိ လူကြိုက်အလွန်နည်းသည့် မော်ဒယ် ဖြစ်သည်။




