back

အိန္ဒိယရှိ ဂျာမန်ကားထုတ်လုပ်သူ၏ လုပ်ငန်းခွဲတစ်ခုကို အခွန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ပေးဆောင်ရန် အမိန့်ထုတ်ပြန်ထား

Feb 20 • 1:16 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယရှိ ဂျာမန်ကားထုတ်လုပ်သူ၏ လုပ်ငန်းခွဲတစ်ခုကို အခွန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ပေးဆောင်ရန် အမိန့်ထုတ်ပြန်ထား

အိန္ဒိယရှိ ဂျာမန်ကားထုတ်လုပ်သူ Volkswagen လက်‌အောက်ခံ လုပ်ငန်းခွဲ Skoda Auto Volkswagen India ကို အခွန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ပေးဆောင်ရန် ထုတ်ပြန်ထားသည့် အမိန့်သ...

အိန္ဒိယရှိ ဂျာမန်ကားထုတ်လုပ်သူ Volkswagen လက်‌အောက်ခံ လုပ်ငန်းခွဲ Skoda Auto Volkswagen India ကို အခွန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ပေးဆောင်ရန် ထုတ်ပြန်ထားသည့် အမိန့်သည် လုပ်ငန်းပြုတ်သွားနိုင်သည်ဟု ၎င်းလုပ်ငန်းခွဲ၏ အကြီးတန်းရှေ့နေ Arvind Datar က ပြောကြားသည်။ ၎င်းအခွန်ကို မပေးဆောင်လိုသဖြင့် တရားရုံးတွင် အမှုယှဉ်ပြိုင်နေဆဲဖြစ်သည်။ ၂၀၂၄ စက်တင်ဘာလတွင် ၎င်းအခွန်ပမာဏ ပေးဆောင်ရန် အမိန့်စာ ထုတ်ပြန်ခဲ့သည်။ အိန္ဒိယအခွန်အာဏာပိုင်များက ကုမ္ပဏီအား ၁၂ နှစ်တာကာလအတွက် နောက်ကြောင်းပြန်ပြီး အခွန်ပေးဆောင်ရန် တောင်းဆိုထားသည်။ အခွန်များနှင့် ဒဏ်ကြေးများ စုစုပေါင်း ကန်ဒေါ်လာ ၂.၈ ဘီလီယံ ပေးဆောင်ရမည်ဖြစ်သည်။


news-view-count-icon

34