ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဖျက်မည့်သင်္ဘောများ တင်သွင်းမှု ကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း သင်္ဘောဖျက်သည့်နေရာအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၂၃ တွင် ဖျက်မည့်သင်္ဘော အစီး ၁၇၀ တင်သွင်းခဲ့ပြီး ၂၀၂၄ တွင် အစီး ၁၃၀ တင်သွင်းခဲ့သဖြင့် အစီးရေ ၄၀ လျော့နည်းခဲ့သည်။ ကန်ဒေါ်လာ မလုံလောက်သည့် အကျပ်အတည်းကြောင့် အရွယ်အစား ကြီးသည့် သင်္ဘောများ တင်သွင်းနိုင်ခြင်း မရှိဘဲ အရွယ်အစားငယ်သည့် သင်္ဘောများကိုသာ တင်သွင်းခဲ့ရသဖြင့် စုစုပေါင်းတန်ချိန်ပမာဏ လျော့နည်းသွားခြင်းဖြစ်သည်။ NGO Shipbreaking Platform စာရင်းအရ ၂၀၂၄ တွင် ဖျက်မည့်သင်္ဘောများကို အိန္ဒိယတွင် ၁၀၁ စီး၊ တူရကီတွင် ၈၄ စီး၊ ပါကစွတန်တွင် ၂၄ စီး၊ အီးယူတွင် ၂၅ စီး တင်သွင်းခဲ့ကြသည်။ ထို့ပြင် နိုင်ငံအချို့တွင် စုစုပေါင်း ၄၅ စီး တင်သွင်းခဲ့သည်။



