back

နီပေါ(၄)နိုင်ငံ ဖိတ်ခေါ်ပွဲ ဒုတိယအကျော့ပွဲစဉ် မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

Feb 20 • 1:28 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

နီပေါ(၄)နိုင်ငံ ဖိတ်ခေါ်ပွဲ ဒုတိယအကျော့ပွဲစဉ် မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဒုတိယအကျော့ ပွဲစဉ်ကို ယနေ့ ဖေဖော်ဝါရီ (၂၀)ရက် မွန်းလွဲပိုင်းအချိန်၌ မြန်မာ - ကာဂျစ္စတန် လက်ရွေးစင် အမျိုးသမီးအသင်းတို့...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဒုတိယအကျော့ ပွဲစဉ်ကို ယနေ့ ဖေဖော်ဝါရီ (၂၀)ရက် မွန်းလွဲပိုင်းအချိန်၌ မြန်မာ - ကာဂျစ္စတန် လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် အနိုင်ရလဒ်ထပ်မံ ထွက်ပေါ်ခဲ့သည်။ ပထမပိုင်း ပွဲချိန်အတွင်း၌ပင် မြန်မာအသင်းက ဦးဆောင်ဂိုး (၄)ဂိုးသွင်းယူထားပြီး ၊ ဒုတိယပိုင်းပွဲချိန်တွင် (၁)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် တတိယအကျော့ပွဲစဥ်ကို ဖေဖော်ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ (၂၆ ) ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားသွားကြရမည်ဖြစ်သည်။ အဆိုပါ နီပေါ (၄) နိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့၊ Dasharath ကွင်းအတွင်း ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။


news-view-count-icon

33