ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၂၆၁ ရက် မြောက်ရှိလာပြီဖြစ်ပြီး ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၇၂၀,၀၀၀ ကျပ်ဈေးဖွင့်ထားသည်။ထိုင်းဘတ်ငွေလဲနှုန်းမှာ ပြန်ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၇၀ ဘတ် ဈေးဖွင့်ထားသည်။ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးရှိကြောင်း သိရသည်။



