back

ရန်ကုန်မန္တလေးမြို့များအတွင်းစားသောက်ဆိုင်နှင့်ဘားများ အဆိုတော်ကြီးများအတွက် အားထားစရာဖြစ်လာ

Feb 20 • 9:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်မန္တလေးမြို့များအတွင်းစားသောက်ဆိုင်နှင့်ဘားများ အဆိုတော်ကြီးများအတွက် အားထားစရာဖြစ်လာ

ယခုနောက်ပိုင်းတွင် စားသောက်ဆိုင်နှင့် ဘားများတွင် ဝါရင့်အဆိုတော်များပါ လာရောက်သီဆိုခြင်းများရှိလာ‌ပြီး အားထားရသည့် အခြေအနေမျိုးဖြစ်လာကြောင်း အဆိုတော်အသိုက်အဝန်း...

ယခုနောက်ပိုင်းတွင် စားသောက်ဆိုင်နှင့် ဘားများတွင် ဝါရင့်အဆိုတော်များပါ လာရောက်သီဆိုခြင်းများရှိလာ‌ပြီး အားထားရသည့် အခြေအနေမျိုးဖြစ်လာကြောင်း အဆိုတော်အသိုက်အဝန်းနှင့် ဆိုင်ဖွင့်ထားသော လုပ်ငန်းရှင်များကြားမှ သိရသည်။“ကျွန်တော်တို့ဆိုင်မှာ ကြားရက်တွေကျတော့ တက်သစ်စလေးတွေလောက်ပဲ ဆိုကြတယ်၊ ဒါကလည်း အဆိုတော်ကြီးတွေက ပိတ်ရက်တွေနဲ့ သူတို့အားတဲ့ရက်တွေလောက်ပဲ ညှိလို့ရတာ၊ တခြားဆိုင်တွေမှာလည်း သူတို့က သွားဆိုနေရတော့ ဒီဘက်မှာကိုယ့်ဆိုင်ကိုလာဖို့ ရက်ညှိရတာ”ဟုလည်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ထိုသို့သော စားသောက်ဆိုင်များနှင့် ဘားများတွင် လာရောက်သီဆိုဖျော်ဖြေသည့် အဆိုတော်များတွင်နာမည်ကြီးအဆိုတော်ကြီးများလည်းပါဝင်ကြသည်။

news-view-count-icon

30