back

တောင်ကြီးမြို့ပေါ်တွင် လူမနေသည့်ဘေးပတ်ဝန်းကျင်ရှိ ဝိုင်းကွက်အတွင်း အမှိုက်စွန့်ပစ်မှုများလာ

Feb 20 • 9:22 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့ပေါ်တွင် လူမနေသည့်ဘေးပတ်ဝန်းကျင်ရှိ ဝိုင်းကွက်အတွင်း အမှိုက်စွန့်ပစ်မှုများလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ လူမနေသည့် မြေကွက်၊ ဝိုင်းကွက် အလွတ်အတွင်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သူများပြားလာသည်။“ကိုယ်ဟာကို အမှိုက်ပစ်တဲ့နေရာ ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ လူမနေသည့် မြေကွက်၊ ဝိုင်းကွက် အလွတ်အတွင်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သူများပြားလာသည်။“ကိုယ်ဟာကို အမှိုက်ပစ်တဲ့နေရာ မပစ်ဘဲနဲ့ ၊ ပိုက်ဆံမပေးချင်လို့ တစ်လလေးငါးထောင်လည်းမပေးချင်ဘူးကော လေးငါးထောင်လည်း ဆန်ဖိုးဆီဖိုးရလို့နေမှာပေါ့၊လူမရှိတဲ့နေရာဆို ပစ်ထည့်လိုက်တာဘဲ၊ အပင်ချုံပုတ် များရင်ပိုဆိုး၊အဲ့တာ ပစ်ပစ်ထည့် ကိုယ်ရဲ့ပတ်ဝန်းကျင်ကိုယ်ရဲ့ရပ်ရွာကိုသန့်ရှင်းမှုကို မလိုလားတဲ့သူတွေဘဲ”ဟု ဒေသခံတစ်ဦးကပြောသည်။ရပ်ကွက်တွင်း၌ အမှိုက်မပစ်ရ ဆိုသည့် နေရာများ၌ အမှိုက်ပစ်ပါက ဒဏ်ငွေပေးဆောင်ရမည်ဟု နံရံကပ်စာများ ကပ်ထားသော်လည်း စည်းမဲ့ကမ်းမဲ့ ပစ်နေကြောင်းသိရသည်။တောင်ကြီးတွင် ရေချောင်း၊ ရေမြောင်းများအတွင်း၌လည်း အမှိုက်ပစ်ခြင်းများရှိနေပြီး အမှိုက်မပစ်ရ ဆိုင်းဘုတ်များကပ်ထားသော်လည်း လိုက်နာခြင်းမရှိဘဲ စွန့်ပစ်ကြကြောင်းသိရသည်။

news-view-count-icon

15