ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်၂နာရီ၁၀မိနစ်အချိန်ခန့်က ပဲခူးမြို့၊ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိ PREMIER KTVတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဥ်မှာ PREMIER KTVဆိုင်ရှိ VIPအခန်းအတွင်း လျှပ်စစ်မီးမပိတ်ထားရှိရာမှ လျှပ်စစ်မီးပြန်လာစဥ် ဆိုင်ခန်းအတွင်းမီးဆလိုက်သို့ ယာယီသွယ်တန်းထားသောဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် အသံထိန်းနံရံဖော့များနှင့် ဆိုဖာများသို့မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။မီးလောင်မှုဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ကာလတန်းဖိုးငွေကျပ်(၅)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးအားပေါ့လျော့စွာ အသုံးပြုမှုကြောင့် မီးလောင်ကျွမ်းစေခဲ့သူ ဆိုင်မန်နေဂျာအောင်ကိုဝင်းအား အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားပါတယ်။
ပဲခူးမြို့ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိPREMIER KTV၌ မီးကြိုးအကူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာမီးလောင်ကျွမ်းစေခဲ့သူ ဆိုင်မန်နေဂျာအောင်ကိုဝင်းအား အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ
Feb 20 • 3:01 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 36 | 0 | 0 | 0 |


