Webtoon ကိုပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲလေးမှာ အပိုင်း ၇ပိုင်းပါဝင်မယ်လို့ သိရပြီး အစကတော့ Kim Sae Ron ပါဝင်နေတဲ့အတွက် မလွှင့်ပဲထားခဲ့တယ်ဆိုပြီး ကြားသိခဲ့ကြရတာပါ။သရုပ်ဆောင်Kim Sae Ron ရဲ့ အမှတ်တရအနေနဲ့ ဒီဇာတ်ကားလေးကို ပြသသွားမှာလို့လည်း ဆိုထားတဲ့အတွက် ပရိသတ်တချို့ကတော့ စိတ်ဝင်စားနေကြပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Kim Sae Ron က ဘတ်စကက်ဘောကစားရတာကိုသဘောကျသူမိန်းကလေး တစ်ဦးအနေနဲ့ ပါဝင်ထားပြီး လူငယ်အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး'Woorineun Maeilmaeil' ဆိုတဲ့ webtoon ကနေ ဖြစ်ပေါ်လာတဲ့ Everything we are ဇာတ်လမ်းတွဲလေးမှာ Kim Sae Ron, Lee Chae Min , Ryoo UI Hyun , Yu Ju တို့ပါဝင်ထားကြပါတယ်။ဒီဇာတ်ကားကို ၂၀၂၂ ခုနှစ်မှာ ပြသဖို့ စီစဥ်ထားခဲ့ကြပေမယ့် Kim Sae Ron ရဲ့ ကိစ္စတွေကြောင့် အခု သူမ မရှိတော့တဲ့အချိန်၂၀၂၅မှသာ ပြန်လည်ပြသဖို့ စီစဥ်ခဲ့ကြတာ ဖြစ်ပါတယ်။



