အဆိုတော်သက်တမ်း အနှစ် ၄၀နီးပါးရှိနေပြီဖြစ်တဲ့ အဆိုတော်ကြီး ဂျေညီညီက သူ့ရဲ့သားလေးဟာ အသက် ၂၈နှစ်ရှိနေပြီဆိုပေမယ့် အော်တစ်ဇင်ဖြစ်နေတဲ့အတွက် အသိဥာဏ်က ၃နှစ်အရွယ်ပဲ ရှိနေတယ်လို့ ပြောပြခဲ့တာပါ။သားလေးအတွက်ပဲ သူအကောင်းဆုံးရပ်တည်နေနိုင်တာဖြစ်ပြီး ဘယ်လိုအရာနဲ့ပဲကြုံကြုံ သားလေးနဲ့ဇနီးအတွက်ဆိုတဲ့စိတ်နဲ့ ပြန်ကျန်းမာလာတယ်လို့ ရှင်းပြပါတယ်။သားလေးက အမြဲလို YouTube ယူကျု ကြည့်နေတဲ့အတွက် သူ့အတွက် ဖုန်း ၂လုံးနဲ့ ဖုန်းအားမကုန်အောင် အမြဲဖြည့်ဆည်းထားပေးရတာဖြစ်ပြီး မျက်နှာသစ်သွားတိုက်တာကအစ အကုန်လိုက်လုပ်ပေးရလို့ သူတို့ဇနီးမောင်နှံအတွက် နည်းနည်းတော့ ပင်ပန်းပါတယ်လို့ ဦးဂျေညီညီက ဆိုပါတယ်။



