back

ဖာရာရီသို့ ပြောင်းရွှေ့မှုက အားဖြစ်စေဟု ဟာမီလ်တန် ပြော

Feb 19 • 4:11 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဖာရာရီသို့ ပြောင်းရွှေ့မှုက အားဖြစ်စေဟု ဟာမီလ်တန် ပြော

ဖာရာရီအသင်းဆီ အပြောင်းအရွှေ့က အားမာန်တစ်ခုဖြစ်စေခဲ့တယ်လို့ ဗြိတိန်ဒရိုင်ဗာ ဟာမီလ်တန်က ပြောကြားလိုက်ပါတယ်။ လန်ဒန်မြို့က O2 (အိုတူး) အရီနာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ...

ဖာရာရီအသင်းဆီ အပြောင်းအရွှေ့က အားမာန်တစ်ခုဖြစ်စေခဲ့တယ်လို့ ဗြိတိန်ဒရိုင်ဗာ ဟာမီလ်တန်က ပြောကြားလိုက်ပါတယ်။ လန်ဒန်မြို့က O2 (အိုတူး) အရီနာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၅ ဖော်မြူလာဝမ်းရာသီသစ်အတွက် မိတ်ဆက်ပွဲမှာ ဖာရာရီအသင်းဒရိုင်ဗာအဖြစ် မိတ်ဆက်ခဲ့ပြီးနောက် ဟာမီလ်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ၁၉၅၀ ကနေ စတင်ကျင်းပခဲ့တဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ (၇၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မိတ်ဆက် ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၀ သင်းစလုံးက အသင်းရဲ့ ပြိုင်ကားသစ်တွေကိုယ်စီနဲ့ အသင်းဒရိုင်ဗာ တွေကို တရားဝင်မိတ်ဆက်သွားခဲ့ကြပါတယ်။ ဖာရာရီအသင်းကလည်း အသင်းရဲ့ဒရိုင်ဗာတွေ ဖြစ်ကြတဲ့ လက်စ် လားနဲ့ ဟာမီလ်တန်တို့ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားခဲ့ပါသည်။


news-view-count-icon

24