back

အရွတ်ထိခိုက်ဒဏ်ရာကြောင့် ရာသီကုန်အထိ အာမက်ဒီယာလို အနားယူရမည်

Feb 19 • 4:37 PM

breaking-news

မြန်မာ

ပြည်ပ

cover

အရွတ်ထိခိုက်ဒဏ်ရာကြောင့် ရာသီကုန်အထိ အာမက်ဒီယာလို အနားယူရမည်

မန်ယူအသင်း တောင်ပံကစားသမား အာမက်ဒီယာလို ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သည့် အရွတ်ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်းက ထုတ်...

မန်ယူအသင်း တောင်ပံကစားသမား အာမက်ဒီယာလို ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သည့် အရွတ်ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် အာမက်ဒီယာလို ဟာ စပါးအသင်းနဲ့ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီ အစဉ်တွင် ဒဏ်ရာရရှိခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အရွတ်စုတ်ပြဲခဲ့လို့ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ လက်ကျန်ဘောလုံးရာသီကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ အာမက်ဒီယာလို အနေနဲ့ နည်းပြ တန်ဟတ် လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သော်လည်း နည်းပြ အာမိုရင် ရောက်ရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှစတင်ကာ ပုံမှန်ပွဲထွက်ခွင့် ရရှိလာခဲ့တာဖြစ်ပါတယ်။


news-view-count-icon

17