ONE Championship 171 ပြိုင်ပွဲကြီးတွင် ပွဲထိုးရမည့် ဖိုက်တာများကို ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီဝန်းကျင်တွင် ဝိတ်ချိန်ခြင်း၊ Hydration Test စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အောင်လအန်ဆန်းမှာ ပထမတစ်ကြိမ် စစ်ဆေးရာတွင် ဘော်ဒီဝိတ် အဆင်ပြေခဲ့သော်လည်း Hydration Test ကျရှုံးခဲ့သည်အတွက် နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးမှုခံယူကာ Hydration Test အောင်မြင်ရန် ကြိုးစားခဲ့ရသည်။ယင်းဒုတိယအကြိမ်စစ်ဆေးမှုတွင်လည်း အောင်လအန်ဆန်းက ဘော်ဒီဝိတ် အဆင်ပြေခဲ့သော်လည်း Hydration Test ထပ်မံကျရှုံးကာ အဆင်မပြေဖြစ်သွားခဲ့ရပြီးအောင်လအန်ဆန်းသည် Hydration Test ကျရှုံးသွားခဲ့သည့်အတွက် ဝိတ်တန်းညှိကာ ထိုးရမည့်အခြေအနေသို့ ရောက်သွားခဲ့ပြီး အစောပိုင်းက အာဒိုဂန်နှင့် အောင်လအန်ဆန်းတို့၏စိတ်မကျေပွဲကို MMA မစ်ဒယ်လ်ဝိတ်တန်းပွဲအဖြစ် ပွဲစီစဉ်ပေးထားခြင်းဖြစ်သည်။ONE 171 ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ည ၈ နာရီခွဲအချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး Main Card ပွဲစဉ်များကိုမူ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် စတင်ကစား မည်ဖြစ်သည်။



