၂၀၂၅ ဩစတြေးလျအိုးပင်းချန်ပီယံ မက်ဒီဆင်ကီးစ်နဲ့ ဂရင်းစလမ်ချန်ပီယံဆု ၄ ကြိမ်ရထားတဲ့ ဂျပန်တင်းနစ်မယ် အိုဆာကာတို့ ၂၀၂၅ ကွင်းစ်ကလပ် ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဇွန်လထဲမှာ ကျင်းပမယ့် ကွင်းစ်ကလပ် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ နာမည်ကြီးတင်းနစ်မယ်အများစု ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ် လို့ ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ လော်ရာ ရော့ဘ်ဆန်က ပြောသွားခဲ့ပါတယ်။




