back

အမေရိကန်တွင် ရေကြီးမှုနှင့် နှင်းမုန်တိုင်းကြောင့် ၁၄ ဦးသေဆုံး

Feb 19 • 3:34 PM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်တွင် ရေကြီးမှုနှင့် နှင်းမုန်တိုင်းကြောင့် ၁၄ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာ ရေကြီးရေလျှံတာနဲ့ နှင်းမုန်တိုင်း တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ NBC သတင်းမှာ ရေးသားထားပါတယ်။ လ...

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာ ရေကြီးရေလျှံတာနဲ့ နှင်းမုန်တိုင်း တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ NBC သတင်းမှာ ရေးသားထားပါတယ်။ လက်ရှိမှာလည်း ပြည်နယ်အတွင်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ နှင်းမုန်တိုင်းနဲ့ ကြုံနေရပါတယ်။ နှင်းမုန်တိုင်း သက်ရောက်မှု မပြီးပြတ်သေးကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး သေဆုံးအရေအတွက်လည်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ပြည်နယ်ရဲ့ တချို့နေရာတွေမှာ မိုးရေချိန် ၈ လက်မကျော် ရွာသွန်းခဲ့ပြီး လမ်းတွေပေါ် မှာလည်း ဆီးနှင်းတွေက ၆ လက်မအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နှင်းမုန်တိုင်းကြောင့် လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေအိမ် တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဘီရှီးယားက ပြောပါတယ်။


news-view-count-icon

21