အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ဗီလာအသင်းမှာ ကစားသမားဘဝကို ပြန်ရှာတွေ့ပြီး အရည်အချင်း ပြနိုင် လိမ့်မယ်လို့ လီဗာပူးနည်းပြစလော့က သုံးသပ်သွားခဲ့ပါတယ်။ ဗီလာအသင်းနဲ့ လီဗာပူးအသင်းတို့ ကစားမယ့် ပွဲမတိုင်ခင် အင်တာဗျူးမှာ စလော့က ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ပြောသွားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အစ်ဆွစ်ချ်အသင်းနဲ့ပွဲမှာ ဗီလာအတွက် ပထမဆုံးအကြိမ် ပွဲထွက် စာရင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ရက်ရှ်ဖို့ဒ် ရှင်သန် လာခဲ့တဲ့အကြောင်းကို သိထားသလို အမေရိကန်ခြေစမ်းခရီးအဖြစ် ပထမဆုံးတွေ့ချိန်မှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ အမြန်နှုန်းတွေနဲ့ တိုးအားတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် အရည်အသွေးက တော်ရုံမဟုတ်ပါဘူးလို့ လီဗာပူး နည်းပြ စလော့က ပြောသွားခဲ့ပါတယ်။



