back

ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများအတွက် တင်ဒါခေါ်

Feb 19 • 2:35 PM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများအတွက် တင်ဒါခေါ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) ပုံစံဖြင့်နိုင်ငံတကာအဆင...


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) ပုံစံဖြင့်နိုင်ငံတကာအဆင့်မီပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုတဲ့ ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် နိုင်ငံပိုင်သတင်းစာများမှတဆင့်ဖိတ်ခေါ်ထားရှိတာကိုတွေ့ရပါတယ်။ယင်းအဆိုပြုလွှာများကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီးစိတ်ဝင်စား တဲ့ နိုင်ငံသားရင်းနှီးမြှပ်နှံသူများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာအား ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ (Hard copy/Soft copy/Word Files) များဖြင့် ဧပြီလ (၂၃) ရက် ညနေ (၄)နာရီ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်တယ်လို့လည်းသိရပါသည်။လျှောက်လွှာရယူလိုသူများအနေဖြင့်ပုဂ္ဂလိက ကျန်းမာရေးဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၄) နေပြည်တော်တွင် လာရောက် ထုတ်ယူရမှာဖြစ်ပါသည်။



news-view-count-icon

22