back

၄ နှစ်အတွင်း မန္တလေးတိုင်းတွင် ဆေးဝါးအတု အမျိုးအစားပေါင်း ၆၀၀ ကျော်ဖမ်းမိ

Feb 19 • 2:37 PM

breaking-news

မြန်မာ

မန္တလေး

cover

၄ နှစ်အတွင်း မန္တလေးတိုင်းတွင် ဆေးဝါးအတု အမျိုးအစားပေါင်း ၆၀၀ ကျော်ဖမ်းမိ

လေးနှစ်အတွင်း ဆေးဝါးအတု ၆၀၀ ကျော်ကို မန္တလေးတိုင်းတွင် ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါဆေးများတွင် ‌ကာကွယ်ဆေးအပါအဝင် သောက်ဆေးအမျိုးအစားများ ပါဝင်ပြီးအဆိုပါဖမ်းဆီးရရှိသ...

လေးနှစ်အတွင်း ဆေးဝါးအတု ၆၀၀ ကျော်ကို မန္တလေးတိုင်းတွင် ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါဆေးများတွင် ‌ကာကွယ်ဆေးအပါအဝင် သောက်ဆေးအမျိုးအစားများ ပါဝင်ပြီးအဆိုပါဖမ်းဆီးရရှိသောဆေးဝါးများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် ဆေးဝါးအတုများ၊ စံမညီ ဆေးဝါးများနှင့် ပျက်စီးဆေးဝါး အမျိုးအစားပေါင်း ၆၅၈ မျိုးရှိကြောင်းသိရသည်။ဆေးဝါးအတုမျိုးစုံရောင်းချမှုကို စစ်ဆေးရာတွင် ၃၄ မှုရှိပြီး ဖမ်းဆီးရမိသူ ၅၂ ဦး၊ ဆေးအမျိုး အစားပေါင်း ၆၈၅ မျိုးပါဝင်ကာ အမျိုးသားဆေးဝါးဥပဒေဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ယင်းဆေးများတွင် အပူချိန် (၂ မှ ၈) ဒီဂရီစင်တီဂရတ်ဖြင့်သိမ်းဆည်းရမည့် ကာကွယ်ဆေးများဖြစ်သော ‌ခွေးရူးပြန်ကာ ကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေး၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဝါးမျိုးစုံပါဝင်ကြောင်းဖော်ပြထားသည်။






news-view-count-icon

19