အရောင်းအဝယ်မကောင်းသဖြင့် နေပြည်တော်ရှိမြို့နယ်များတွင်ဖွင့်ထားသော ဈေးများမှ ဆိုင်ခန်းအချို့ ပြန်ရောင်းရန် အရောင်းတင် စပ်ဟပ်မှုများရှိကြောင်း ဈေးရောင်းသူတစ်ဦးက ပြောသည်။ ယင်းဈေးများ၏ပြန်ရောင်းနေကြသောဈေးဆိုင်ခန်းအများစုမှာပင်မဈေးရုံကြီးအတွင်းပိုင်းဆိုင်ခန်းများဖြစ်ပြီးအပြင်တန်းဆိုင်ခန်းများမှာရောင်းသူရှားကြောင်း ဆိုသည်။ ယင်းအပြင်ပုဗ္ပဈေးနှင့်ဒက္ခိဏဈေးကြီးများတွင်ဈေးဆိုင်ခန်းများစွာမရောင်းတော့ဘဲပိတ်ထားသည့်ဆိုင်များစွာရှိနေသေးကြောင်း၊ပုဗ္ပဈေးကြီးတွင်လည်းညနေဈေးညဈေး(ပျံကျဈေးတန်း)ရှိသည့်အတွက်ယင်ဈေးမှာ လူစည်သော်လည်းပင်မဈေးရုံကြီးတွင်ဝယ်သူနည်းပါးကြောင်းသိရသည်။



