တစ်ချိန်က အလွန်ထူးခြားမည့် လျှပ်စစ်ပစ်ကပ်အဖြစ်လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော တက်စလာ၏ Cybertruck သည် ရောင်းအားကျဆင်းမှုကို ရင်ဆိုင်နေရသည်။ မြန်မြန်ရောင်းထွက်ရန် တက်စလာက ဈေးချပြီး ရောင်းသော်လည်း ရောင်းအား တက်မလာသည့်အတွက် Cybertruck ရေရှည်ထုတ်လုပ်နိုင်မည်မှာ မသေချာတော့ချေ။ တရုတ်ပြည်တွင် ပစ်ကပ်ကို ထရပ်ကားအဖြစ် သတ်မှတ်ထားသဖြင့် ထရပ်ကား အဝင်မခံသည့်နေရာများ အားလုံးတွင် ပစ်ကပ်ကားများ သွားလာခွင့် မရသဖြင့် တရုတ်ဈေးကွက်တွင် ဆိုက်ဘာထရပ်အတွက် ဈေးကွက် ကျဉ်းမြောင်းနေသည်။ အမေရိကန်ဈေးကွက်တွင် 2025 Cybertruck မော်ဒယ်သည် ပြည်ထောင်စုအခွန် ခုနှိမ်ခွင့် $7,500 ရသော်လည်း 2024 Cybertruck မော်ဒယ်များ အကျုံးမဝင်ချေ။ သို့ဖြစ်ရာ 2024 Cybertruck မော်ဒယ်လက်ကျန်များ ရောင်းရခက်နေစေသည်။



