ကလီဖိုးနီးယား၌ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှစ၍ ကိုဗစ်ကိုကျော်လွန်ကာ တုပ်ကွေးရောဂါသည် လက်ရှိအချိန်တွင် လူအေသအပျောက်အများဆုံး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်လာပြီး ဆေးရုံများတွင် လူများပြည့်ကာ ခက်ခက်ခဲခဲကုသနေကြရသည်။ တုပ်ကွေးကာကွယ်ဆေးထိုးနှုန်းကျဆင်းသွားချိန်တွင် ယခုကဲ့သို့ အေသအပျောက်များလာခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အရွယ်ရောက်ပြီးသူ ၄၄ ရာခိုင်နှုန်းနှင့်ကလေးငယ် ၄၆ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံခဲ့ကြသည်ဟု သိရသည်။ ဖေဖော်ဝါရီ ၈ ရက်အထိ တစ်နိုင်ငံလုံးတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၉ သန်း၊ဆေးရုံတက်ရသူ ၃၇၀,၀၀၀ နှင့် ၂၀၂၄-၂၅ တုပ်ကွေးရာသီအတွင်း ေ-သဆုံးသူ ၁၆,၀၀၀ ရှိသည်ဟုလည်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာန ကခန့်မှန်းထားသည်။



