ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ လှိုင်ကမ္ဘာကျေး ရွာအုပ်စုရှိ သမိုင်းဝင် အောက်ရေတံခွန်တိုက်ကျောင်း ဦးစီးပဓာနနာယကဆရာတော် တေဇနိယမထေရ်မြတ် အန္တိမ အဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနားတွင်သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ အထူးစိန်ခေါ်ပွဲအပါအဝင် နာမည်ကျော် ရိုးရာဖိုက်တာများ၏ တွဲဆိုင်းများပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယခုလ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့နှစ်ဦး သည် တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသ-တ်သည့်ပွဲတစ်ပွဲဖြစ်ပြီး၊ ယခင် နှစ်ကြိမ်မြောက်ထိုးသ-တ်ခဲ့စဉ်က သွေးသစ်ဝင်းလှိုင်အနေဖြင့် တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။ပြိုင်ပွဲအတွင်း သပြေညိုနှင့် သွေးသစ်အောင်တို့၏ စိန်ခေါ်တွဲဆိုင်းအပြင် အခြားတွဲဆိုင်းများလည်း ပါဝင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ၏ အသိပေးချက်အရ သိရသည်။



