ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၉/၂ နှင့် ၃၃၉/၃ ကြားတွင် လမ်းအောက်ခံ မြေသား နိမ့်ကျမှုကြောင့် ကွန်ကရစ် လမ်းသားများ နိမ့်ကျခဲ့သဖြင့် စက်ယန္တရားများဖြင့် အစားထိုး ပြုပြင်လျက်ရှိကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။အဆိုပါ ပြုပြင်ရေး လုပ်ငန်းခွင်အနီး ရောက်ရှိချိန်၌ အမြန်လမ်း အသုံးပြု သွားလာကြသည့် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့၍ ဂရုပြု မောင်းနှင်ကြရန်၊ မိုးရွာချိန်နှင့် ညအချိန်များတွင် သတ်မှတ်နှုန်းအောက် အရှိန်လျှော့ချ မောင်းနှင်ကြရန် သက်ဆိုင်ရာ အဖွဲ့က အသိပေး နှိုးဆော်ထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၉/၂ နှင့် ၃၃၉/၃ ကြား ကွန်ကရစ်လမ်းသား နိမ့်ကျသဖြင့် အစားထိုး ပြုပြင်နေ
Aug 26 • 3:43 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 53 | 0 | 0 | 0 |


