မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘူတာရပ်ကွက်၌ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက နေအိမ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးအား အမျိုးသားတစ်ဦးက ပစ္စတိုသေနတ်ပြ၍ လုယူမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဆိုင်ကယ် မောင်းနှင်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နေအိမ်ရှေ့ ရပ်ထားသော ကားအား ဝင်တိုက်ခဲ့ပြီးနောက် ကားအတွင်းရှိ အမျိုးသမီးကို သေနတ်ပြ ခြိမ်းခြောက်ကာ ကားပေါ်မှ ဆင်းခိုင်းခဲ့ခြင်း ဖြစ်သည်။အဆိုပါ မသင်္ကာသူသည် ကားပေါ်တွင် ပါသွားသည့် ကလေးငယ်ကို လမ်းတစ်နေရာ၌ ပြန်လည် စွန့်ပစ်ခဲ့သဖြင့် ကလေးငယ်မှာ မိသားစုထံ ဘေးကင်းစွာ ပြန်လည် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ ကားပိုင်ရှင်က သက်ဆိုင်ရာသို့ တိုင်ကြားထားသဖြင့် ပြစ်မှုကျူးလွန်သူနှင့် လုယူခံရသည့် ယာဉ်အား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 26 • 3:38 AM
မြန်မာ
မွန်
မျှဝေမည်
| 44 | 0 | 0 | 0 |


