နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဇွန်လနှင့် ဇူလိုင်လမှစ၍ ယခုအချိန်အထိ မိုးမပြတ် ရွာသွန်းမှုများကြောင့် မြစ်၊ ချောင်း ဘေးရှိ စိုက်ခင်းများအတွင်း ရေဝင်ရောက် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ စိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။နေပြည်တော်အတွင်းရှိ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်များ၌ စိုက်ပျိုးထားသည့် ငရုတ်၊ ပြောင်း၊ နှမ်း၊ ကြက်သွန်နှင့် ခရမ်းချဉ် စိုက်ခင်းများအတွင်း ရေဝင်ရောက် ရေမြုပ်မှုများကြောင့် သီးနှံပင်များ အမြစ်ပုပ်ကာ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
Aug 25 • 6:46 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 35 | 0 | 0 | 0 |


