back

တောင်ကိုရီးယားနှင့် ပြုလုပ်မည့် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန် ဖျက်သိမ်းခဲ့

Aug 25 • 6:45 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနှင့် ပြုလုပ်မည့် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန် ဖျက်သိမ်းခဲ့

အီရန်စစ်ပွဲကြောင့် အမေရိကန် တပ်ဖွဲ့ဝင်များ တပ်ဖြန့်အသုံးပြုနိုင်မှု အကန့်အသတ် ရှိလာသဖြင့် လာမည့် စက်တင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကိုရီးယားနှင့် ပူးတွ...

အီရန်စစ်ပွဲကြောင့် အမေရိကန် တပ်ဖွဲ့ဝင်များ တပ်ဖြန့်အသုံးပြုနိုင်မှု အကန့်အသတ် ရှိလာသဖြင့် လာမည့် စက်တင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကိုရီးယားနှင့် ပူးတွဲ ကမ်းတက် စစ်ရေးလေ့ကျင့်မှု (Ssangyong) ကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက်ကြောင်း တောင်ကိုရီးယား မရိန်းတပ်ဖွဲ့က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါ စစ်ရေးလေ့ကျင့်မှု ပြန်လည်စတင်နိုင်ရေးအတွက် နှစ်နိုင်ငံ မဟာမိတ်များအကြား ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။အလားတူ ဩဂုတ်လလယ်ပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တောင်ကိုရီးယားနှင့် ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လျှော့ချရန် ညွှန်ကြားခဲ့သဖြင့် ဩဂုတ် ၁၇ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ရမည့် လေ့ကျင့်မှုကို ဩဂုတ် ၂၁ ရက်တွင် စောစီးစွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

11