မြန်မာ့ဘောလုံး လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (Youth Development) အတွက် ကမ္ဘာကျော် ဘာစီလိုနာ အကယ်ဒမီမှ စပိန်လူမျိုး နည်းပြတစ်ဦးကို ငှားရမ်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က M-League အမည်ပြောင်းလဲခြင်းနှင့် စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားတွင် အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ နည်းပြအား ခန့်အပ်မည့် ရာထူးနေရာ အသေးစိတ်ကို အတိအကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း လူငယ်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အဓိက တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Aug 24 • 12:04 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


