ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်အရ ၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အများပြည်သူ အလုပ်ပိတ်ရက် စုစုပေါင်း ၃၄ ရက် သတ်မှတ်လိုက်ပြီး မြန်မာနှစ်သစ်ကူး ကာလတွင် ၉ ရက်အထိ ဆက်တိုက် ရုံးပိတ်ရက် ရရှိမည်ဖြစ်သည်။ ခရီးသွားလာရေးနှင့် အနားယူ အပန်းဖြေနိုင်ရေးအတွက် အကြားရက် ၄ ရက်ကို ထပ်မံ သတ်မှတ်ပေးထားပြီး အစားထိုး ရုံးတက်ရက်များအဖြစ် သတ်မှတ်ထားသည့် သီးခြားရက်များတွင် ပြန်လည် ရုံးတက်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အီဒလ်အဿွဟာနေ့နှင့် ဒီပါဝလီနေ့တို့အတွက် ရက်စွဲများကို သီးခြား ကြေညာမည်ဖြစ်ပြီး ယခုကဲ့သို့ ကြိုတင်ထုတ်ပြန်ခြင်းကြောင့် ပြက္ခဒိန် ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် အဆင်ပြေစွာ စီစဉ် ရိုက်နှိပ်နိုင်တော့မည် ဖြစ်သည်။
Aug 24 • 12:02 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 143 | 0 | 0 | 0 |


