ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း (၄) လမ်းရှိ လိုမာဟိုတယ်အနီးတွင် ဩဂုတ် ၂၃ ရက် ည ၈ နာရီခန့်က အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ ဆန်ဆိုင်း (က) ရပ်ကွက်တွင် နေထိုင်သူ စိုင်းလှ (၃၇ နှစ်) ဖြစ်ပြီး ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်ကာ၊ အလောင်းအနီးမှ 9mm Luger ကျည်ခွံတစ်ခုနှင့် မှတ်ပုံတင်တို့အား တွေ့ရှိခဲ့ရသည်။ရုပ်အလောင်းအား လူမှုကူညီရေးအသင်း ယာဉ်ဖြင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး၊ အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက် ရှိသည်။
ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ
Aug 24 • 3:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


