back

စစ်ကိုင်းတိုင်း၊ကလေးမြို့၌ ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိ

Aug 24 • 3:24 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ကလေးမြို့၌ ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက် ညပိုင်းက သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ဒေသကာလ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက် ညပိုင်းက သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်းနှင့်အတူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို စစ်ကိုင်းမှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ်မှ ကျော်မြင့်(ခ)သာရှည်ကော (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ကလေး၊ ရန်ကုန်နှင့် တီးတိန်မြို့တို့မှ ဝယ်ယူသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူထားသည်။လက်ရှိတွင် အဖွဲ့ဝင် ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

37