back

တောင်ကြီးမြို့ ကိုယ်ပိုင်ဆေးရုံများရှေ့၌ ယာဉ်များ စည်းကမ်းမဲ့ ရပ်နားသဖြင့် လမ်းသွားလမ်းလာများ အခက်တွေ့

Aug 23 • 10:48 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့ ကိုယ်ပိုင်ဆေးရုံများရှေ့၌ ယာဉ်များ စည်းကမ်းမဲ့ ရပ်နားသဖြင့် လမ်းသွားလမ်းလာများ အခက်တွေ့

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ကိုယ်ပိုင်ဆေးရုံများဖြစ်ကြသော ပတ္တမြားဆေးရုံ၊ ခိုင်မေတ္တာဆေးရုံ အစရှိသည့် ဆေးရုံများရှေ့တွင် ယာဉ်များကို လမ်း၏...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ကိုယ်ပိုင်ဆေးရုံများဖြစ်ကြသော ပတ္တမြားဆေးရုံ၊ ခိုင်မေတ္တာဆေးရုံ အစရှိသည့် ဆေးရုံများရှေ့တွင် ယာဉ်များကို လမ်း၏ နှစ်ဖက်စလုံး၌ နှစ်ထပ်အထိ ရပ်နားထားကြသဖြင့် လမ်းသွားလမ်းလာ ပြည်သူများ သွားလာရ ခက်ခဲလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးရုံများတွင် လမ်းရှင်းပေးခြင်းနှင့် ယာဉ်ရပ်နားမှု စီမံခန့်ခွဲပေးခြင်းများ မရှိသည့်အပြင် လမ်းအန္တရာယ်ရှိသော နေရာများ၌ စျေးရောင်းချခွင့် ပေးထားမှုများကြောင့် ပြည်သူများက ဝေဖန်လျက်ရှိကြပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲများနှင့် တာဝန်ရှိသူများအနေဖြင့် လမ်းပိတ်ဆို့မှုများကို စနစ်တကျ ရှင်းလင်းပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

news-view-count-icon

30